လူ တွေမှာ ရုပ် ကိုယ်ခန္ဓာထက် စိတ် ဆိုတဲ့ အရာက အရင်ဆုံးဦးဆောင်လှုပ်ရှားပါတယ်...အဲဒီလို စတင်ဦးဆောင်တဲ့ စိတ် ( Mind ) ကို နောက်က ကပ်ပါလာတဲ့ စေတသိတ် ဆိုတဲ့ နာမ် လေးက စိတ် အား အကောင်း အဆိုး စေ့ဆော်တိုက်တွန်းပေးနေပါတယ်....မကောင်းတဲ့ စေတသိတ် က မကောင်းတဲ့ စိတ် ဖြစ်ပေါ်စေပြီး ကောင်းတဲ့ စေတသိတ် ကလေးကတော့ ကောင်းတဲ့ စိတ် ကို ဖြစ်ပေါ်စေပါတယ်....
စေတသိတ် ဆိုတာကြီးက အလျား၊ အနံ၊ ရုပ်ဒြပ်၊ အစိုင် အခဲ၊ အမှုန် အ၀ါး၊ အလုံး အတုံး၊ အရည် အဖတ် ဘာမှမရှိဘူး ( ရှာလို့မရပါဘူး ).....ဒါပေမဲ့ စိတ် ကို ဖြစ်စေတာက သူပါပဲ.... ဘာမှ အကောင်အထည် ပြမရပေမဲ့ အကျိုးပေးတဲ့ အစွမ်းသတ္တိ အပြည့်ရှိပါတယ်...( မီး မှာ ပူ တဲ့ သတ္တိ ၊ ရေခဲမှာ အေးတဲ့ သတ္တိ ၊ သံပုရာသီး မှာ ချဉ်တဲ့ သတ္တိ ရှိသလိုပေါ့ )...အစွမ်းသတ္တိ ရှိလို့လည်း လူ တွေမှာ အကောင်း အဆိုး အကျိုးပေးမတူကြတာပေါ့.. " စိတ်... သည် အရာရာကိုဦးဆောင်၏။ တစ်စုံတစ်ယောက်သောသူသည် ကောင်းသော စိတ် အကြံဖြင့် ပြောသောစကား၊ ပြုသော စကား၊ အလုပ် တို့ကြောင့် ထိုသူ၏နောက်သို့ ( အရိပ်သည် အစဉ်လိုက်ဘိသကဲ့သို့ ) သုခ ( ချမ်းသာခြင်း ) သည် အစဉ်လိုက်လေ၏ "
Tuesday, January 22, 2008
စိတ် .." စေတသိတ် " ၏ အစွမ်းသတ္တိ....
Posted by
အောင်
at
10:59:00 PM
Labels: ဓမ္မတရားများ