လာလည်ကြသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေသော်...
Showing posts with label အတွေးအခေါ်များ. Show all posts
Showing posts with label အတွေးအခေါ်များ. Show all posts

Thursday, January 3, 2008

လက်ရှိဖြစ်နေသော လူ့ ဘ၀ကိုဆန်းစစ်သုံးသပ်ဝေဖန်ခြင်း......

ကျွန်တော်တို့ဟာ လက်ရှိလူ့ဘ၀ဆိုတာကြီးကို ပိုင်ဆိုင်ထားကြပါတယ်..လူ့ဘ၀ ဘာကြောင့်ရတယ်ဆိုတာကို ဆရာတော်ကြီးများအသီးသီးဟောကြားတော်မူအပ်သည့် ၀ိပသနာတရားများ နှင့် ပဠိစ္စသမုပ္ပသံသရာ စက်ဝန်း
အကြောင်း လေ့လာနားထောင်ကြစေလိုပါတယ်.... ကျွန်တော်ကတော့ လက်ရှိရထားတဲ့ လူ့ဘ၀ ကိုဆန်းစစ်
သုံးသပ်ပါမယ်....... အမိဝမ်းထဲကစ သန္ဓေတည်လာပြီး မွေးဖွားလာကြပြီးတဲ့နောက် လူဘ၀ရဲ့ လုပ်ရိုး လုပ်စဉ်
အတိုင်း မိဘရိပ်မှာနားခိုရင်း အတတ်ပညာတွေ၊ အသိပညာတွေ သင်ကြ၊ ပေါင်းသင်းမိတ်ဆွေများနှင့် သွားကြ လာကြ၊ ခေါ်ကြ ပြောကြ၊ စားကြ သောက်ကြ၊ ရီကြ မောကြ၊ ဆွေးကြ လွမ်းကြ၊ ၀မ်းနည်းကြ ပူဆွေးကြ၊
ဝမ်းသာစရာရှိက၀မ်းသာလိုက်ကြ..... ဒီလိုနဲ့ လူဘ၀ ကြီးကိုတနေကုန်၍ တနေထွက်ဖြင့် ဖြတ်သန်းလာကြရပါ
တယ်..ဒီလိုဖြတ်သန်းလာကြရာမှာ အချိန်ဆိုတာကြီးက လူဘ၀ကို စောင့်နေတာမဟုတ်ပါဘူး..သူ့သဘာဝအတိုင်းကုန်ဆုံးနေတာပါ.......
အချိန်ဆိုတာကြီးက သူ့သဘာဝ အတိုင်းလုပ်နေသလို လူ့ဘ၀ ဆိုတာကလည်း
တဖြည်းဖြည်းကုန်ဆုံးနေတယ်ဆိုတာ သတိလက်လွတ်မေ့နေကြတယ်မဟုတ်လားဗျာ.. ရက်တွေမှ.. လတွေ...လတွေမှ..နှစ်တွေ..ကုန်းခန်းလာတယ်နော်..ဒီလိုကုန်ခန်းလာတဲ့ အချိန်နှင့်အတူ ပစ္စုပ္ပန်ဟာ အတိတ်ဖြစ်သွား..အနာဂတ်ဟာပစ္စုပ္ပန်ဖြစ်လာလိုက်နဲ့ပေါ့ဗျာ.. မနက်မိုးလင်းလာ.. မျက်နှာသစ်.. စားလိုက်ကြ လုပ်လုပ်လိုက်ကြ လုပ်ငန်းခွင်မှာ ဒေါသထွက်လိုက်ကြ ဆဲကြ ဆူကြ အလိုမကြလိုက်ကြ အဆင်ပြေစရာရှိလည်းပြေလိုက်ကြနဲ့ တနေကုန်ပြန်သွားပါလေရော..ဒီလိုတနေကုန်အတွင်း ကိုယ်နှုတ် နှလုံး သုံးပါးစလုံး နဲ့ လုပ်လိုက်ကြတဲ့ အရာတွေဟာ ကောင်းတာပါသလို မကောင်းတာတွေလည်း ပါနေပါတယ်နော်......ဒီလိုနဲ့ နောက်တစ်နေ့ ရောက်..ဒီလိုပဲ လူဘ၀လုပ်ရိုးလုပ်စဉ်တွေ နဲ့အချိန်ကုန်သွားပြန်ရော..တခါ..နောက်တနေ့ ရောက်..ဒီလိုနဲ့ ပဲ လူ့ဘ၀ကြီးကို ကုန်ဆုံးသွားကြတော့မှာလားဗျာ...ဒီလို လုပ်လိုက် ကိုင်လိုက် စားလိုက် သောက်လိုက် အိပ်လိုက် မိုးလင်းလိုက်နဲ့ ကုန်နေတဲ့ အချိန်နဲ့အတူ ဘ၀ဆိုတာကလည်း ဒီအတိုင်းသွားနေမှာပဲလို့ ထင်နေကြသလား......ညအိပ်ရာဝင်ရင် နဖူးပေါ်လက်တင်ပြီး တစ်ချက်ကလေးစဉ်းစားကြည့်လိုက်စမ်းပါ....အခုဆိုရင် လူ ဘ၀ကြီးမှာ အပြီးသတ်ကုဘို့ဆေးမရှိသေးတဲ့ ရောဂါ ဘယတွေကလည်းများမှများပဲ ( ဆီးချို သွေးချို၊ သွေးတိုးလေငန်း၊ နှလုံးရောဂါ၊ အိပ်ဂ်ျအိုင်ဗီ၊ ကင်ဆာ၊ တီဘီ၊ အသည်းရောင်အသည်းဝါအေ၊ ဘီ ) ...နောက်တစ်နေ့မှာ သေချာရှိနေမယ်လို့ ထင်သလား ? မင်းသိင်္ခ စံဇာဏီဘို ကွန်ပျုတာနက္ခတ်ဗေဒင် ဘယ် ဗေဒင်နက္ခတ်ဆရာမှ အတတ်မပြောနိုင်ပါဘူး..တစ်နေကုန်လုပ်နေတဲ့ ကိုယ် နှုတ် နှလုံး သုံးပါးစလုံးရဲ့ အလုပ်တွေဟာ ကောင်းတာတွေချည်းပဲလို့ ယူဆနေသလား ? ဆက်လျှောက်ရအုံးမဲ့ မမြင်နိုင်တဲ့ အနာဂတ် ဘ၀ အတွက်ဘာတွေပြင်ဆင်ထားသလဲ ? ဘယ်အရာတွေက မြဲတာ ရှိသလဲ ? ညအိပ်ယာဝင်ခါနီး ဘုရား၊ တရား၊ သံဃာ ကိုရော နည်းနည်းလေးသတိမရဘူးလား ? ဘုရားရှိခိုးပါတယ် ဆိုရင် ပြည့်စုံသွားပြီလို့ ထင်သလား ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? အထက်ပါစာစုလေးကိုဖတ်ပြီး မိမိကိုယ်ကို ပြန်လည်ဆန်းစစ်သုံးသပ်နိုင်ကြပါစေ......... ကိုအောင်သူ


အပြည့်အစုံဖတ်ရန်.........

Monday, November 5, 2007

လောကဓံ...

The mind that is not touched by the vicissitudes of life, the mind that is free from sorrow, stainless, and secure — this is the highest blessing.
လောကဓံ တရားနှင့် ကြုံလာရင် မတုန်မလှုပ်သီးခံ နိုင်တာ စိုးရိမ်ပူဆွေး သောက မဖြစ်တာ ကို မင်္ဂလာ အဖြစ် ဗုဒ္ဓဘုရားရှင် ထုတ်ဖေါ် ဟောကြားထားခဲ့ပါတယ်။ လောကဓံတရား ရှစ်ပါးဆိုတာက လာဘ်ရခြင်း၊ အခြွေအရံများခြင်း၊ အခြွေအရံနည်းခြင်း၊ ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်း၊ ချမ်းသာခြင်း၊ ဒုက္ခဖြစ်ခြင်း တို့ဖြစ်ပါတယ်။
အများစုကတော့ အကောင်းလောကဓံ ကြုံတွေ့ရင် တပြုံးပြုံးနှင့် ရှိတတ်ပြီး အဆိုးလောကဓံ နှင့် ကြုံတွေ့ချိန်မှာ တငိုငိုတရယ်ရယ် ရှိတတ်ပါတယ်။ ဘယ်လိုလောကဓံမျိုးနှင့် ကြုံလာ ကြုံလာ မတုန်မလှုပ်သီးခံ နိုင်ဖို့ အတွက် မိမိစိတ်ကို ကိုလေ့ကျင့်ထားရပါတယ်။ စိတ်လေ့ကျင့်ခန်းလုပ်ရပါတယ်။
သမထ ကမ္မဌာန်း နှင့် ၀ိပဿနာ ကမ္မဌာန်း ဟု ကမ္မဌာန်း ၂ မျိုး ရှိပါတယ်။ ဗုဒ္ဓဘုရားရှင်က ပုဂ္ဂိုလ် စရိုက် အားလျော်စွာ သမထကမ္မဌာန်း အမျိုးအစား ၄၀ ဟောထားပေးပါတယ်။ အာနာပါန နုဿတိ ကမ္မဌာန်း က လူသိများထင်ရှားပါတယ်။
သမာဓိ ရင့်လာသည်နှင့်အမျှ စိတ်တည်ငြိမ်လာမယ်။ တည်ငြိမ်တဲ့စိတ်ဟာ အရှိကို အရှိအတိုင်း မြင်တယ်။ အရှိကို အရှိအတိုင်းမြင်နိုင်ရင် အရှိကိုအရှိအတိုင်း လက်ခံလာနိုင်မယ်။
ကာလာမသုတ်တော်မှာ ပညာရှိ သူတော်ကောင်းတို့ရဲ့ ကဲ့ရဲ့ပြစ်တင်ခြင်းကို ရှောင်ကြည်ပါ။
ပညာရှိသူတော်ကောင်းတို့ ချီးမွမ်းတဲ့အလုပ်ကို လုပ်ပါဟု လမ်းညွန်ခဲ့ပါတယ်။ ဗုဒ္ဓအဆုံးအမတော်အရ ပညာရှိ ဆိုသည်မှာ ဘွဲ့ဒီဂရီ အတန်းပညာမဟုတ်။ အောက်ထစ်ဆုံး ကံ ကံ၏အကျိုးကိုယုံကြည်သော သမ္မာဒိဌိ ဥာဏ်ပညာမှ အစပြု၍ ကိလေသာကိုအမြစ်သတ်ပါယ်သတ်နိုင်သော အရဟတ္တမင်္ဂညာဏ် ဖိုလ်ညာဏ် ရှိသူကို ပညာရှိဟု ဆိုရသည်။ နတ္ထိလောကေ အနိန္ဒိတော အကဲ့အရဲ့လွတ်သောသူ မည်သည်လောကမှာမရှိ။
ဘုရားရင်ကိုယ်တောင်တိုင်မှ အကဲ့ရဲ့ မလွတ်၊ လောကဓံ မှမလွတ်နိုင်သေးလျှင် သာမာန် ပုဂ္ဂိုလ်များအတွက်မူ အဘယ်မှာ ဆိုဖွယ်ရာ ရှိပါအံ့နည်း။
အားကစားသမား တစ်ယောက် ကိုယ်ခန္ဓာ ကြံ့ခိုင်အောင် ပုံမုန် လေ့ကျင့်ခန်း ယူရသလို လောကဓံ တရားနှင့် ကြုံတွေ့ချိန်မှာ မတုန်မလှုပ် သီးခံနိုင်အောင် ၀မ်းသာခြင်း၊ ၀မ်းနည်းခြင်းပြင်းစွာမဖြစ်အောင် စိတ်လေ့ကျင့်ခန်း လုပ်ကြပါစို့ဟုတိုက်တွန်းရေးသားလိုက်ရပါတယ်။
( အရှင်ကုမာရ )

အပြည့်အစုံဖတ်ရန်.........