လူ တွေမှာ ရုပ် ကိုယ်ခန္ဓာထက် စိတ် ဆိုတဲ့ အရာက အရင်ဆုံးဦးဆောင်လှုပ်ရှားပါတယ်...အဲဒီလို စတင်ဦးဆောင်တဲ့ စိတ် ( Mind ) ကို နောက်က ကပ်ပါလာတဲ့ စေတသိတ် ဆိုတဲ့ နာမ် လေးက စိတ် အား အကောင်း အဆိုး စေ့ဆော်တိုက်တွန်းပေးနေပါတယ်....မကောင်းတဲ့ စေတသိတ် က မကောင်းတဲ့ စိတ် ဖြစ်ပေါ်စေပြီး ကောင်းတဲ့ စေတသိတ် ကလေးကတော့ ကောင်းတဲ့ စိတ် ကို ဖြစ်ပေါ်စေပါတယ်....
စေတသိတ် ဆိုတာကြီးက အလျား၊ အနံ၊ ရုပ်ဒြပ်၊ အစိုင် အခဲ၊ အမှုန် အ၀ါး၊ အလုံး အတုံး၊ အရည် အဖတ် ဘာမှမရှိဘူး ( ရှာလို့မရပါဘူး ).....ဒါပေမဲ့ စိတ် ကို ဖြစ်စေတာက သူပါပဲ.... ဘာမှ အကောင်အထည် ပြမရပေမဲ့ အကျိုးပေးတဲ့ အစွမ်းသတ္တိ အပြည့်ရှိပါတယ်...( မီး မှာ ပူ တဲ့ သတ္တိ ၊ ရေခဲမှာ အေးတဲ့ သတ္တိ ၊ သံပုရာသီး မှာ ချဉ်တဲ့ သတ္တိ ရှိသလိုပေါ့ )...အစွမ်းသတ္တိ ရှိလို့လည်း လူ တွေမှာ အကောင်း အဆိုး အကျိုးပေးမတူကြတာပေါ့.. " စိတ်... သည် အရာရာကိုဦးဆောင်၏။ တစ်စုံတစ်ယောက်သောသူသည် ကောင်းသော စိတ် အကြံဖြင့် ပြောသောစကား၊ ပြုသော စကား၊ အလုပ် တို့ကြောင့် ထိုသူ၏နောက်သို့ ( အရိပ်သည် အစဉ်လိုက်ဘိသကဲ့သို့ ) သုခ ( ချမ်းသာခြင်း ) သည် အစဉ်လိုက်လေ၏ "
Tuesday, January 22, 2008
စိတ် .." စေတသိတ် " ၏ အစွမ်းသတ္တိ....
Posted by
အောင်
at
10:59:00 PM
Labels: ဓမ္မတရားများ
Wednesday, January 9, 2008
ဘ၀ သံသရာ....
ခဏတာလေးများ ကုန်ဆုံးသွားတော့
ဘ၀တစ်ခုက နှုတ်ဆက်ပြီ၊
ကျန်ရစ်တဲ့ တမ်းတမှုတွေက
ဘယ်အချိန် အထိ ရှည်ကြာမလဲ။
မသေချာလည်းသံသရာမှာ
ကိုယ်မပိုင်ရာ ခန္ဓာသာ
စွဲမက်ကာ တွယ်ဖက်အသက်တွေ ဆက်ခဲ့ကြတာ....
အတ္တ၊ လောဘ နဲ့ ဒေါသဘ၀ဟာ
ဒါတွေနဲ့ပဲ ပြည့်နေနီတိတွေ
အလကားမေတ္တာ တရားကို ပစ်ခွာကာထား
ငါ တစ်လုံးနဲ့ဟန်ဆောင်ပြုံးတွေကလည်း
အရှုံးကို အရှုံးလို့ မမြင်နိုင
်ဒဏ်ရာ အမာရွတ်နဲ့ ဘ၀ကို နေတတ်ခဲ့
ကိုးကွယ်ရာ ဆိုတာတောင် လက်တစ်လုံးခြား
ငါ့ဖို့သာ မကျန်ရင် ဘာမှ စိတ်မ၀င်စား
ပရဟိတက နောက်မှ
ငါ့အူမ တောင့်တတာ ပြဿနာ
ခက်တာတွေက ရက်တွေ ကြာခဲ့ပြီ
ပြက္ခဒိန်တွေသာ အရွက်ရွက် စုတ်ခဲ့
ပုပ်အက်တဲ့ နေ့ရက်တွေနဲ့ ပဲ
သတိတရ ထကြည့်မှလက်ပြချိန် ရောက်ခဲ့ရပြီ။
Posted by
အောင်
0
comments
at
7:37:00 PM
Thursday, January 3, 2008
လက်ရှိဖြစ်နေသော လူ့ ဘ၀ကိုဆန်းစစ်သုံးသပ်ဝေဖန်ခြင်း......
ကျွန်တော်တို့ဟာ လက်ရှိလူ့ဘ၀ဆိုတာကြီးကို ပိုင်ဆိုင်ထားကြပါတယ်..လူ့ဘ၀ ဘာကြောင့်ရတယ်ဆိုတာကို ဆရာတော်ကြီးများအသီးသီးဟောကြားတော်မူအပ်သည့် ၀ိပသနာတရားများ နှင့် ပဠိစ္စသမုပ္ပသံသရာ စက်ဝန်း
အကြောင်း လေ့လာနားထောင်ကြစေလိုပါတယ်.... ကျွန်တော်ကတော့ လက်ရှိရထားတဲ့ လူ့ဘ၀ ကိုဆန်းစစ်
သုံးသပ်ပါမယ်....... အမိဝမ်းထဲကစ သန္ဓေတည်လာပြီး မွေးဖွားလာကြပြီးတဲ့နောက် လူဘ၀ရဲ့ လုပ်ရိုး လုပ်စဉ်
အတိုင်း မိဘရိပ်မှာနားခိုရင်း အတတ်ပညာတွေ၊ အသိပညာတွေ သင်ကြ၊ ပေါင်းသင်းမိတ်ဆွေများနှင့် သွားကြ လာကြ၊ ခေါ်ကြ ပြောကြ၊ စားကြ သောက်ကြ၊ ရီကြ မောကြ၊ ဆွေးကြ လွမ်းကြ၊ ၀မ်းနည်းကြ ပူဆွေးကြ၊
ဝမ်းသာစရာရှိက၀မ်းသာလိုက်ကြ..... ဒီလိုနဲ့ လူဘ၀ ကြီးကိုတနေကုန်၍ တနေထွက်ဖြင့် ဖြတ်သန်းလာကြရပါ
တယ်..ဒီလိုဖြတ်သန်းလာကြရာမှာ အချိန်ဆိုတာကြီးက လူဘ၀ကို စောင့်နေတာမဟုတ်ပါဘူး..သူ့သဘာဝအတိုင်းကုန်ဆုံးနေတာပါ.......
အချိန်ဆိုတာကြီးက သူ့သဘာဝ အတိုင်းလုပ်နေသလို လူ့ဘ၀ ဆိုတာကလည်း
တဖြည်းဖြည်းကုန်ဆုံးနေတယ်ဆိုတာ သတိလက်လွတ်မေ့နေကြတယ်မဟုတ်လားဗျာ.. ရက်တွေမှ.. လတွေ...လတွေမှ..နှစ်တွေ..ကုန်းခန်းလာတယ်နော်..ဒီလိုကုန်ခန်းလာတဲ့ အချိန်နှင့်အတူ ပစ္စုပ္ပန်ဟာ အတိတ်ဖြစ်သွား..အနာဂတ်ဟာပစ္စုပ္ပန်ဖြစ်လာလိုက်နဲ့ပေါ့ဗျာ.. မနက်မိုးလင်းလာ.. မျက်နှာသစ်.. စားလိုက်ကြ လုပ်လုပ်လိုက်ကြ လုပ်ငန်းခွင်မှာ ဒေါသထွက်လိုက်ကြ ဆဲကြ ဆူကြ အလိုမကြလိုက်ကြ အဆင်ပြေစရာရှိလည်းပြေလိုက်ကြနဲ့ တနေကုန်ပြန်သွားပါလေရော..ဒီလိုတနေကုန်အတွင်း ကိုယ်နှုတ် နှလုံး သုံးပါးစလုံး နဲ့ လုပ်လိုက်ကြတဲ့ အရာတွေဟာ ကောင်းတာပါသလို မကောင်းတာတွေလည်း ပါနေပါတယ်နော်......ဒီလိုနဲ့ နောက်တစ်နေ့ ရောက်..ဒီလိုပဲ လူဘ၀လုပ်ရိုးလုပ်စဉ်တွေ နဲ့အချိန်ကုန်သွားပြန်ရော..တခါ..နောက်တနေ့ ရောက်..ဒီလိုနဲ့ ပဲ လူ့ဘ၀ကြီးကို ကုန်ဆုံးသွားကြတော့မှာလားဗျာ...ဒီလို လုပ်လိုက် ကိုင်လိုက် စားလိုက် သောက်လိုက် အိပ်လိုက် မိုးလင်းလိုက်နဲ့ ကုန်နေတဲ့ အချိန်နဲ့အတူ ဘ၀ဆိုတာကလည်း ဒီအတိုင်းသွားနေမှာပဲလို့ ထင်နေကြသလား......ညအိပ်ရာဝင်ရင် နဖူးပေါ်လက်တင်ပြီး တစ်ချက်ကလေးစဉ်းစားကြည့်လိုက်စမ်းပါ....အခုဆိုရင် လူ ဘ၀ကြီးမှာ အပြီးသတ်ကုဘို့ဆေးမရှိသေးတဲ့ ရောဂါ ဘယတွေကလည်းများမှများပဲ ( ဆီးချို သွေးချို၊ သွေးတိုးလေငန်း၊ နှလုံးရောဂါ၊ အိပ်ဂ်ျအိုင်ဗီ၊ ကင်ဆာ၊ တီဘီ၊ အသည်းရောင်အသည်းဝါအေ၊ ဘီ ) ...နောက်တစ်နေ့မှာ သေချာရှိနေမယ်လို့ ထင်သလား ? မင်းသိင်္ခ စံဇာဏီဘို ကွန်ပျုတာနက္ခတ်ဗေဒင် ဘယ် ဗေဒင်နက္ခတ်ဆရာမှ အတတ်မပြောနိုင်ပါဘူး..တစ်နေကုန်လုပ်နေတဲ့ ကိုယ် နှုတ် နှလုံး သုံးပါးစလုံးရဲ့ အလုပ်တွေဟာ ကောင်းတာတွေချည်းပဲလို့ ယူဆနေသလား ? ဆက်လျှောက်ရအုံးမဲ့ မမြင်နိုင်တဲ့ အနာဂတ် ဘ၀ အတွက်ဘာတွေပြင်ဆင်ထားသလဲ ? ဘယ်အရာတွေက မြဲတာ ရှိသလဲ ? ညအိပ်ယာဝင်ခါနီး ဘုရား၊ တရား၊ သံဃာ ကိုရော နည်းနည်းလေးသတိမရဘူးလား ? ဘုရားရှိခိုးပါတယ် ဆိုရင် ပြည့်စုံသွားပြီလို့ ထင်သလား ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? အထက်ပါစာစုလေးကိုဖတ်ပြီး မိမိကိုယ်ကို ပြန်လည်ဆန်းစစ်သုံးသပ်နိုင်ကြပါစေ......... ကိုအောင်သူ
Posted by
အောင်
0
comments
at
12:05:00 AM
Labels: အတွေးအခေါ်များ