အနိုင်အရှုံးဆိုတဲ့ အကျိုးအမြတ်တွေတွက်ပြီး အငြင်းပွားနေကြရင် ဖြင့် စည်းလုံးညီညွတ်မှုပြိုကွဲမှာ မလွဲဧကန်ပါပဲ။ စည်းလုံးရေး ပျက် ပြားခဲ့တဲ့ သာဓကတွေလည်း အများအပြား ရှိခဲ့ဘူးကြပါပြီ။ နိုင်သူမှာလည်း နိုင်လို့ ရတက်မီးတွေပွား၊ ရှုံးသူမှာလည်း ဒုက္ခတွေများ၊ ဒီတော့ အနိုင်အရှုံးဆိုတဲ့ အကျိုးအမြတ်ရလိုမှုကို ဦးတည်ရင်ဖြင့် ငြိမ်းချမ်းရေးရဘို့ မလွယ်ကူပါဘူး။
Friday, November 9, 2007
အနိုင်၊ အရှုံးနှင့် ငြိမ်းချမ်းရေး.........
Posted by
အောင်
2
comments
at
5:17:00 AM
Monday, November 5, 2007
ငါတို့ရဲ့ဗုဒ္ဓ...Our Buddha ( ဖန်ဆင်းရှင်မဟုတ်ပါ )
ဖန်ဆင်းရှင်ဆိုတာ..ဗုဒ္ဓလည်းမဟုတ်၊ ယေရှုလည်း၊ ကွမ်ရင်မယ်တော်လည်းမဟုတ်၊
အလ္လာရှင်လည်းမဟုတ်၊ဗြဟ္မာကြီးလည်းမဟုတ်၊ နတ်သိကြားများလည်းမဟုတ်ပါ.
ဒါဆိုဘယ်သူလဲ? မိမိကိုယ်တိုင်သာဖြစ်၏...ကာလသုံးပါးစလုံး၏ဖန်ဆင်းရှင်အစစ်ဖြစ်ပေ၏....
ယုံကြည်မှုမရှိကလက်တွေ့စမ်းသပ်ပါ....
ထို့ကြောင့်တည်း...ဗုဒ္ဓကဆိုခဲ့သည် သူဖန်ဆင်းခြင်းမဟုတ် မိမိလုပ်သမျှ ကာယ၊ ၀စီ၊
မနောဤသုံးပါးစလုံးနှင့်သာဆိုင်၏ဟုဆိုသည်..ကျွန်တော်ပြောခြင်းမဟုတ်.. ဗုဒ္ဓပြောခြင်းဖြစ်၏..
တနည်းဆိုသော်အလုပ်ကိုဆိုလိုခြင်း သာတည်း...ထီမထိုးပဲ ထီပေါက်ချင်သည့် သူသည်စောက်ရှုးပင်ဖြစ်၏..
ဆုတောင်း တိုင်းရမည်ဆိုပါကအစာမစားပဲဆုတောင်းနေမည်သာတည်း...
ဒါဟာ လောကုတ္တရာ ဓမ္မ.. ယနေ့ခေတ် အနာဂတ်ဖန်ဆင်းရှင်ဘယ်သူလဲ ?
ရာစုသစ်လူငယ်များကိုယ်တိုင်ဖြစ်သည်မှာငြင်းဖွယ်ရာ မရှိ...
Posted by
အောင်
at
10:39:00 PM
ပစ္စုပ္ပန်ကောင်းရင်..အနာဂတ်ကောင်းမယ်...If you've nice present, will be nice future
- ပစ္စုပ္ပန်မှာ လက်လွတ်ကာ..........နစ်နာဆုံးရှုံးရ
- နောင်ရေးကိုတွေး စိတ်မအေး.....ပူဆွေးအားငယ်ရ
- ပစ္စုပ္ပန်မှာ သတိပါ...................နောင်ခါစိတ်အေးရ။
( အရှင် သီရိန္ဒာဘိဝံသ )
Posted by
အောင်
at
10:37:00 PM
လောကဓံ...
လောကဓံ တရားနှင့် ကြုံလာရင် မတုန်မလှုပ်သီးခံ နိုင်တာ စိုးရိမ်ပူဆွေး သောက မဖြစ်တာ ကို မင်္ဂလာ အဖြစ် ဗုဒ္ဓဘုရားရှင် ထုတ်ဖေါ် ဟောကြားထားခဲ့ပါတယ်။ လောကဓံတရား ရှစ်ပါးဆိုတာက လာဘ်ရခြင်း၊ အခြွေအရံများခြင်း၊ အခြွေအရံနည်းခြင်း၊ ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်း၊ ချမ်းသာခြင်း၊ ဒုက္ခဖြစ်ခြင်း တို့ဖြစ်ပါတယ်။
အများစုကတော့ အကောင်းလောကဓံ ကြုံတွေ့ရင် တပြုံးပြုံးနှင့် ရှိတတ်ပြီး အဆိုးလောကဓံ နှင့် ကြုံတွေ့ချိန်မှာ တငိုငိုတရယ်ရယ် ရှိတတ်ပါတယ်။ ဘယ်လိုလောကဓံမျိုးနှင့် ကြုံလာ ကြုံလာ မတုန်မလှုပ်သီးခံ နိုင်ဖို့ အတွက် မိမိစိတ်ကို ကိုလေ့ကျင့်ထားရပါတယ်။ စိတ်လေ့ကျင့်ခန်းလုပ်ရပါတယ်။
သမထ ကမ္မဌာန်း နှင့် ၀ိပဿနာ ကမ္မဌာန်း ဟု ကမ္မဌာန်း ၂ မျိုး ရှိပါတယ်။ ဗုဒ္ဓဘုရားရှင်က ပုဂ္ဂိုလ် စရိုက် အားလျော်စွာ သမထကမ္မဌာန်း အမျိုးအစား ၄၀ ဟောထားပေးပါတယ်။ အာနာပါန နုဿတိ ကမ္မဌာန်း က လူသိများထင်ရှားပါတယ်။
သမာဓိ ရင့်လာသည်နှင့်အမျှ စိတ်တည်ငြိမ်လာမယ်။ တည်ငြိမ်တဲ့စိတ်ဟာ အရှိကို အရှိအတိုင်း မြင်တယ်။ အရှိကို အရှိအတိုင်းမြင်နိုင်ရင် အရှိကိုအရှိအတိုင်း လက်ခံလာနိုင်မယ်။
ကာလာမသုတ်တော်မှာ ပညာရှိ သူတော်ကောင်းတို့ရဲ့ ကဲ့ရဲ့ပြစ်တင်ခြင်းကို ရှောင်ကြည်ပါ။
Posted by
အောင်
1 comments
at
10:36:00 PM
Labels: အတွေးအခေါ်များ
Saturday, October 27, 2007
ယခင်ရန်ကုန်....( Long Long ago Yangon, Myanmar )
Posted by
အောင်
at
10:23:00 PM
Posted by
အောင်
at
10:18:00 PM
လှပသည့်မြို့တော်သစ် ( Nay Pyi Taw City, Myanmar )
မြို့တော်ခန်းမအကယ်ဒမီည
အေ၀မ်းလမ်းဆုံကလေးကထိန်ထိန်လင်:
မြို့မဈေးကထည်ထည်ဝါ
သပြေကုန်းဈေးကလေးကသာသာယာ
မောင်းလို့ကောင်းတာနေပြည်တော်လမ်းမကြီးမှာ
Posted by
အောင်
at
8:51:00 PM